Tuesday, March 31, 2015

WCPT Congress 2015ကို volunteer အဖြစ်ပါဝင်ကူညီပြီး တက်ရောက်ဆင်နွှဲမယ့် မဖြူနှင်းလှိုင် နှင့်အင်တာဗျူး ( Myanmar Physiotherapy Student Society)

ကျွန်မအနေနဲ့ ၂၀၁၅ ခုနှစ် မေလ ၁ ရက်ကနေ၄ ရက်နေ့ထိ Suntec Singapore Convention & Exhibition Centre မှာ ကျင်းပမဲ့WCPT (World Confederation of Physical Therapy) 2015 ကို တက်ရောက်ဖို့အစောကြီးကတည်းကဆုံးဖြတ်ခဲ့တာပါ။
ဒီ ကွန်ဂရက်ဟာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ၁၉၆၃ ခုနှစ်ကတည်းက ၄ နှစ်တစ်ကြိမ်ကျင်းပခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှာ နယ်သာလန် နိုင်ငံ အမ်စတာဒမ်မြို့မှာကျင်းပခဲ့ပါတယ်။အခုစင်ကာပူအလှည့်ရောက်လာပါပီ။ ဒီမှာ symposium ၂၅ ခု၊ networking sessions ၃၃ ခုနဲ့Discussion panels and Debates ၁၁ ခု, seminars ၁၅ ခုကျော်နဲ့ ၃ ရက်အတွင်းမှာ တင်ပြဖို့ပြင်ဆင်ခဲ့တဲ့abstract ပေါင်း ၂၀၀၀ ကျော် ရဲ့ presentation တွေ, physiotherapy research,education, practice နဲ့ service delivery showcase တွေပါပါမယ်။
ဒီလိုမျိုးပွဲကြီးတွေမှာ ပါဝင်ဖို့ဆိုတာကို ကျွန်မလွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းကရင်း အိမ်မက်မက်ခဲ့တာပါ။
ပါရဂူကျောင်းသူတစ်ယောက်အနေနဲ့ ပညာရှင်အချင်းချင်းချိတ်ဆက်ခြင်း၊သင်ယူခြင်းနဲ့ အတွေ့အကြုံရယူခြင်းတွေဟာ အလွန်မှအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့်ကျွန်မအနေနဲ့academic နဲ့ industry တွေမှာ အလုပ်အကိုင်အခွင့်အရေးတွေရဖို့နဲ့ career development ကိုလုပ်ဆောင်ဖို့ ကြိုးစားရမဲ့အချိန်ဖြစ်တယ်လို့ ကျွန်မထင်ပါတယ်။
ကျွန်မရဲ့စိတ်ပါဝင်စားမှုအပေါ်မူတည်ပီးတော့ ကွန်ဂရက်ကို တက်ရောက်မှာဖြစ်ပါတယ်။တက်ရောက်တဲ့ပုဂ္ဂိုလ်တိုင်းဟာ၎င်းတို့တက်ရောက်လိုတဲ့ အစီအစဉ်တွေကို တက်ရောက်ကြရမှာဖြစ်ပါတယ်။ ချုံ့ပြောရမယ်ဆိုရင် ကွန်ဂရက်၃ ရက်တာအတွင်းမှာ လေ့လာနိုင်တဲ့ အကြောင်းအရာတွေကတော့ critical health, mental health, global health, oncology & palliative care, robotics &technology, women’s health စသဖြင့် အကြောင်းအရာပေါင်း ၄၈ ခုပါဝင်ပါတယ်။ အဲဒါတွေအားလုံးကိုဘယ်သူကမှတစ်ထိုင်တည်းလေ့လာနိုင်မှာမဟုတ်ပါဘူး။ ကျွန်မအနေနဲ့ကတော့ education,clinical education, EBP, method of teaching and learning, research methodology နဲ့continue professional development စတဲ့ အကြောင်းအရာတွေကို ရွှေးချယ်တက်ရောက်သွားဖို့စီစဉ်ထားပါတယ်။
ပြီးတော့ကမ္ဘာမှာရေပန်းစားနေတဲ့ခေါင်းစဉ်တွေဖြစ်တဲ့critical care, acupuncture နဲ့ global health တွေကိုလေ့လာသွားဖို့ရှိပါတယ်။ အဲဒီအတွက်ကျွန်မအနေနဲ့ကွန်ကရက်မှာ တစ်ရက်အပြည့် နဲ့ ကျန် တဲ့ နှစ်ရက်မှာ နေ့တစ်ပိုင်းစီတက်ဖို့နိုင်အတွက် poster displays ၄ ခု poster walks ၃ ခု၊classic platforms ၂ ခု၊ art platform ၁ ခု၊ networking session ၄ ခု၊ panels and debates အစီအစဉ် ၂ ခု စတာတွေကို access လုပ်နိုင်ဖို့ပြင်ဆင်သွားမှာဖြစ်ပါတယ်။
ဒါကြောင့်ကျွန်မအနေနဲ့ Research paper နှစ်ထောင်ကျော်ထဲကနေပြီးအခု ၆၀ ကို ကျွန်မကြိုတင်လေ့လာသွားမှာပါ။ paper တွေရဲ့ abstract တွေကိုတော့ April ၂၄ ရက်နေ့မှာ publish လုပ်သွားမယ်လို့သိရပါတယ်။
အခုဆိုရင်ကျွန်မအနေနဲ့ WCPT congress မှာအဓိပ္ပါယ်ရှိရှိပါဝင်နိုင်ဖို့တချို့ expert တွေနဲ့ researcher တွေကို ဆက်သွယ်ထားပီးဖြစ်ပါတယ်။
ပြီးတော့ကျွန်မကို congress မှာ shift ၂ ခုစာအတွက်volunteer (၁၀ နာရီ) လုပ်ဖို့ သူတို့ကခွင့်ပြုခဲ့ပါတယ်။ volunteer အလုပ်ကတော့အစားစားပါပဲoffice assistant, registration assistant, poster assistant, exhibition hall assistant နဲ့ တခြားလုပ်စရာတွေအများကြီးရှိပါတယ်။
ကျွန်မအနေနဲ့ကတော့ ပိုစတာနဲ့ scientific program monitoring အခန်းမှာ ကူညီပေးမှာဖြစ်ပါတယ်။ ကျွန်မအနေနဲ့ volunteer လုပ်ဖို့ မနှစ်ကတည်းက လျှောက်ထားခဲ့တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်မအနေနဲ့ ဒီလိုပွဲကြီးမှာ ပါဝင်ပီးတော့ WCPT ကို တတ်နိုင်သလောက်အကူအညီပေးချင်လို့ပါပဲ။ တကယ်တော့ စင်ကာပူပြင်ပက ပုဂ္ဂိုလ်တွေကို volunteer လုပ်ဖို့လက်မခံပါဘူး။WCPT organizers တွေရဲ့ကျေးဇူးတွေပေါ့ သူတို့က လူငယ်တွေကိုအခွင့်အရေးတွေပေးချင်နေတာပါ။
ကျွန်မက volunteer အနေနဲ့ volunteer orientation, volunteer thank you event တွေကိုလည်းတက်ရပါမယ်။ ကျွန်မတို့ရဲ့ Asia Physical Therapy Student Association အနေနဲ့ကလည်း informal meeting လေးတွေလုပ်ပြီး ပျော်ပွဲလေးတွေဆင်နွှဲကြဦးမှာပါ။
ကျွန်မအနေနဲ့ ဒီပွဲကြီးကိုတက်နိုင်ဖို့အတွက် ကြိုးစားခဲ့ရပါတယ်။အခုလောလောဆယ်တော့ ကျွန်မအနေနဲ့ thesis တွေ present လုပ်ဖို့အစီအစဉ်မရှိသေးတာကြောင့်ကျွန်မတက်နေတဲ့ University နဲ့ တခြား Institution တွေမှာ scholarship လျောက်လို့မရပါဘူး။
ဒါပေမယ့် ကျွန်မအနေနဲ့ WCPT congress မှာ ကိုယ်တိုင် volunteer လဲလုပ်ခွင့်ရမယ် ပြီးတော့ ကိုယ်တိုင်လည်းပါဝင် ဆင်နွဲမှာဖြစ်တဲ့အတွက် ကြိုပြီးတော့ရင်ခုန်နေမိပါတယ်။


စိုင်းရာဇာထွန်း MRS- Physical Therapy
MPTS

No comments:

Post a Comment